Lyrics
အေးမြတဲ့လေ ဆောင်းတွင်းနွေ
မေ့မရတဲ့အချိန်တွေ အကြောင်းတွေးနေ
တောင်ပေါ်မှာဖူးပွင့်တဲ့ အမှတ်တရတွေ
ကော်ဖီနံ့သင်းသင်းလေး တမ်းတနေ
စတွေ့တဲ့အခိုက်မှာ သူ့ပုံစံလေး
စကားလေးလည်းဝဲ အပြစ်ကင်းစင်နေ
ခိုးခိုးပြီး အကြည့်မှာ တဖြည်းဖြည်းချင်း ငြိပါ
ပန်းလေးများတောင် မင်းကို ဦးညွှတ်ပေး
ဆွတ်ခူးဖို့ရွယ် တကယ်ပင်လှမ်း
ပွင့်ဖူးခဲ့တယ် ချယ်ရီပန်း
ပန်ရဖို့ကို ဘယ်ဆီမှန်း
ပျောက်ဆုံးခဲ့တယ် ကိုယ့်တစ်ခြမ်း
မြူနှင်းလေးများရဲ့အထဲ
ဒီပန်းလေး လှနေတယ်
ဘာပန်းလဲ မေးချင်ရဲ့
ချယ်ရီပန်းလို့ ပြောတာပဲ
သူ့အနား တိုးကပ်တာနဲ့
ရှက်ပါးလေးများ ရဲ
သူမရဲ့အလှဟာလည်း
ချယ်ရီပန်းလေးများလိုပဲ မွှေးတယ် Yeah
ချယ်ရီပန်းလေးက မွှေး
တောင်ပေါ်လမ်းလေးက ရွေးချယ်ခဲ့ Yeah
မြေပြန့်သားလေးရဲ့ အချစ်ကို
ပြန်လည်ပြီးတော့ မငြင်းဆိုနဲ့
နှုတ်ဆက်လို့ထွက်ခွာ မွေးရပ်မြို့ဆီ
လမ်းခွဲခြင်းများဟာ ငါ့အတွက် ရိုးအီ
တစ်ချိန်ချိန်မှာ ပြန်ဆုံနိူင်ဖို့ရွယ်
ချယ်ရီတွေ မ ကြွေအောင် ဆုတောင်းတယ်
မင်းရှိတဲ့အရပ်ကို တွေးမှတ်လို့ရယ်
နွေးထွေးတဲ့အချစ်တွေ အမြဲလှမ်းပို့မယ်
ပင်ယံမှာ နင်လေ ပွင့်ဖူးကွယ်
မချူနိုင်ပါ ကိုယ်လေ ကျေနပ်တယ် Yeah
မတွေ့ဖြစ်တာ နှစ်၊လကြာ
မင်း ငါ့ကို မေ့သွားမှာ
တွေးပြီး ရင်မော စိုးထိတ်နေသော
ကိုယ့်ရဲ့အတွေးများစွာ
မြို့ပြမှာ ရှားပါးတာ
ငြိမ်းချမ်းတဲ့ အချစ်များပါ
မောပန်းစွာနဲ့ နိုးထလာခဲ့
ဆောင်းအိပ်မက်များဟာ
မြူနှင်းလေးများရဲ့အထဲ
ဒီပန်းလေး လှနေခဲ့
ဘာပန်းလဲ မေးချင်ရဲ့
ချယ်ရီပန်းလို့ ပြောတာပဲ
သူ့အနား တိုးကပ်တာနဲ့
ရှက်ပါးလေးများ ရဲ
သူမရဲ့အလှဟာလည်း
ချယ်ရီပန်းလေးများလိုပဲ မွှေးတယ် Yeah
ချယ်ရီပန်းလေးက မွှေး
တောင်ပေါ်လမ်းလေးက ရွေးချယ်ခဲ့ Yeah
မြေပြန့်သားလေးရဲ့ အချစ်ကို
ပြန်လည်ပြီးတော့ မငြင်းဆိုနဲ့
ဒီမြို့လေးရဲ့အဝေး
ကိုယ်ဟာ လွမ်းခြင်း တေးကဗျာဖွဲ့
ချယ်ရီပန်းလေးနဲ့ မင်း
ရင်ခုန်ခြင်းများ ဖြစ်လာခဲ့
Writer(s): Khual Pi
Lyrics powered by www.musixmatch.com