Lyrics

အေးမြတဲ့လေ ဆောင်းတွင်းနွေ မေ့မရတဲ့အချိန်တွေ အကြောင်းတွေးနေ တောင်ပေါ်မှာဖူးပွင့်တဲ့ အမှတ်တရတွေ ကော်ဖီနံ့သင်းသင်းလေး တမ်းတနေ စတွေ့တဲ့အခိုက်မှာ သူ့ပုံစံလေး စကားလေးလည်းဝဲ အပြစ်ကင်းစင်နေ ခိုးခိုးပြီး အကြည့်မှာ တဖြည်းဖြည်းချင်း ငြိပါ ပန်းလေးများတောင် မင်းကို ဦးညွှတ်ပေး ဆွတ်ခူးဖို့ရွယ် တကယ်ပင်လှမ်း ပွင့်ဖူးခဲ့တယ် ချယ်ရီပန်း ပန်ရဖို့ကို ဘယ်ဆီမှန်း ပျောက်ဆုံးခဲ့တယ် ကိုယ့်တစ်ခြမ်း မြူနှင်းလေးများရဲ့အထဲ ဒီပန်းလေး လှနေတယ် ဘာပန်းလဲ မေးချင်ရဲ့ ချယ်ရီပန်းလို့ ပြောတာပဲ သူ့အနား တိုးကပ်တာနဲ့ ရှက်ပါးလေးများ ရဲ သူမရဲ့အလှဟာလည်း ချယ်ရီပန်းလေးများလိုပဲ မွှေးတယ် Yeah ချယ်ရီပန်းလေးက မွှေး တောင်ပေါ်လမ်းလေးက ရွေးချယ်ခဲ့ Yeah မြေပြန့်သားလေးရဲ့ အချစ်ကို ပြန်လည်ပြီးတော့ မငြင်းဆိုနဲ့ နှုတ်ဆက်လို့ထွက်ခွာ မွေးရပ်မြို့ဆီ လမ်းခွဲခြင်းများဟာ ငါ့အတွက် ရိုးအီ တစ်ချိန်ချိန်မှာ ပြန်ဆုံနိူင်ဖို့ရွယ် ချယ်ရီတွေ မ ကြွေအောင် ဆုတောင်းတယ် မင်းရှိတဲ့အရပ်ကို တွေးမှတ်လို့ရယ် နွေးထွေးတဲ့အချစ်တွေ အမြဲလှမ်းပို့မယ် ပင်ယံမှာ နင်လေ ပွင့်ဖူးကွယ် မချူနိုင်ပါ ကိုယ်လေ ကျေနပ်တယ် Yeah မတွေ့ဖြစ်တာ နှစ်၊လကြာ မင်း ငါ့ကို မေ့သွားမှာ တွေးပြီး ရင်မော စိုးထိတ်နေသော ကိုယ့်ရဲ့အတွေးများစွာ မြို့ပြမှာ ရှားပါးတာ ငြိမ်းချမ်းတဲ့ အချစ်များပါ မောပန်းစွာနဲ့ နိုးထလာခဲ့ ဆောင်းအိပ်မက်များဟာ မြူနှင်းလေးများရဲ့အထဲ ဒီပန်းလေး လှနေခဲ့ ဘာပန်းလဲ မေးချင်ရဲ့ ချယ်ရီပန်းလို့ ပြောတာပဲ သူ့အနား တိုးကပ်တာနဲ့ ရှက်ပါးလေးများ ရဲ သူမရဲ့အလှဟာလည်း ချယ်ရီပန်းလေးများလိုပဲ မွှေးတယ် Yeah ချယ်ရီပန်းလေးက မွှေး တောင်ပေါ်လမ်းလေးက ရွေးချယ်ခဲ့ Yeah မြေပြန့်သားလေးရဲ့ အချစ်ကို ပြန်လည်ပြီးတော့ မငြင်းဆိုနဲ့ ဒီမြို့လေးရဲ့အဝေး ကိုယ်ဟာ လွမ်းခြင်း တေးကဗျာဖွဲ့ ချယ်ရီပန်းလေးနဲ့ မင်း ရင်ခုန်ခြင်းများ ဖြစ်လာခဲ့
Writer(s): Khual Pi Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out