Credits
COMPOSITION & LYRICS
HTAIN MIN ZAW
Songwriter
Lyrics
ခနလေးပါချစ်သူရယ်
သေချာဆက်ဆက်စောင့်နေကွယ်
ပြန်ခဲ့မယ်ပြောခဲ့လည်း
အပြီးနင်ထွက်သွားခဲ့တယ်
လုံခြုံမှုအပြည့်မပေးနိုင်တဲ့
အကာအရံမဲ့ငါ့ဘဝအိမ်ထဲ
မလာဖြစ်တာကောင်းပါတယ်
နင်ထားရစ်ခဲ့နိုင်ပါတယ်
အသဲခွဲခဲ့တဲ့သူလို့ အပြစ်မပြောရက်ဘူးကွယ်
ရက်စက်လွန်းတဲ့သူလို့ မစွပ်ဆွဲရက်ဘူးကွယ်
နင်ပိုင်တဲ့နင့်ဘဝရဲ့လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်
မင်းကမချစ်တော့ပေမဲ့ ငါမုန်းမရဘူးကွယ်
မင်းသတိမရတော့ပေမဲ့ ငါကမမေ့ဘူးကွယ်
ငါဆုတောင်းလိုက်ပါ့မယ်
အဆင်ပြေပါစေကွယ်
တကယ်ဆိုအချစ်နဲ့ဘဝကကွယ်
အကြွေစေ့ခေါင်းနဲ့ပန်းလို
အမြင်မှာကျောခြင်းကပ်နေလည်း
ဆန့်ကျင်ဘက်အရပ်သို့လှည့်
ရွှေမှုန်ကြဲတဲ့လမ်းတွေထက်
နင်လျှောက်လှမ်းသွားလိုက်ပါကွယ်
နင်ဆုံးဖြတ်ခဲ့သမျှလည်း
မမှားဘူး မင်းမှန်ပါတယ်
အသဲခွဲခဲ့တဲ့သူလို့ အပြစ်မပြောရက်ဘူးကွယ်
ရက်စက်လွန်းတဲ့သူလို့ မစွပ်ဆွဲရက်ဘူးကွယ်
နင်ပိုင်တဲ့နင့်ဘဝရဲ့လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်
မင်းကမချစ်တော့ပေမဲ့ ငါမုန်းမရဘူးကွယ်
မင်းသတိမရတော့ပေမဲ့ ငါကမမေ့ဘူးကွယ်
ငါဆုတောင်းလိုက်ပါ့မယ်
အဆင်ပြေပါစေကွယ်
ခနလေးပါချစ်သူရယ်
သေချာဆက်ဆက်စောင့်နေကွယ်
ပြန်ခဲ့မယ်ပြောခဲ့လည်း
အပြီးနင်ထွက်သွားခဲ့တယ်
အသဲခွဲခဲ့တဲ့သူလို့ အပြစ်မပြောရက်ဘူးကွယ်
ရက်စက်လွန်းတဲ့သူလို့ မစွပ်ဆွဲရက်ဘူးကွယ်
နင်ပိုင်တဲ့နင့်ဘဝရဲ့လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်
မင်းကမချစ်တော့ပေမဲ့ ငါမုန်းမရဘူးကွယ်
မင်းသတိမရတော့ပေမဲ့ ငါကမမေ့ဘူးကွယ်
ငါဆုတောင်းလိုက်ပါ့မယ်
အဆင်ပြေပါစေကွယ်
အဆင်ပြေပါစေကွယ်
Writer(s): Khual Pi
Lyrics powered by www.musixmatch.com